Tuesday, June 16, 2020

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ပခုက္ကူ)မှ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ပခုက္ကူ)မှ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန်- ၁၆


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ပခုက္ကူ) လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစစ်မှုထမ်းဟောင်းအိမ်ရာ၌ ပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ပခုက္ကူတပ်နယ်မှ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(ပခုက္ကူ) လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တာဝန်ရှိသူများက အိမ်ရာတွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ခန်းသော့များ ပေးအပ်သည်။

ထို့နောက် တပ်နယ်မှတာဝန်ရှိသူများက အိမ်ရာအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment