Saturday, June 20, 2020

တစ်အုပ်တစ်မသစ်တောစိုက်ခင်း စိုက်ပျိုးခြင်း

တစ်အုပ်တစ်မသစ်တောစိုက်ခင်း စိုက်ပျိုးခြင်း
ရန်ကုန်၊၂၀-၆-၂၀၂၀
Image may contain: one or more people, tree, grass, sky, outdoor and nature
Image may contain: one or more people, sky, cloud, tree, grass, outdoor and nature
Image may contain: one or more people, sky, tree, cloud, plant, grass, outdoor and nature
Image may contain: one or more people, people playing sports, grass, outdoor and nature
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများ၌
မုတ်သုန်လေတိုက်ခတ်မှုဒဏ်ကို အကာအကွယ်ဖြစ်စေရန် နှင့် ဒီရေတောများ ပျက်စီးလျက်ရှိခြင်းကြောင့် လေကာဒဏ်ခံနိုင်မည့် သစ်ပင်သစ်တောများရှိစေရေးအတွက်
ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ကျိုက်အင်းကျေးရွာရှိ အများပြည်သူများနှင့် သက်ဆိုင်သောမြေနေရာများ၌ တစ်အုပ်တစ်မသစ်တောစိုက်ခင်း စိုက်ပျိုးခြင်းများကို ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် သန်လျင်တပ်နယ်မှ အရာရှိ/စစ်သည်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ ပါဝင်၍ မန်ဂျန်ရှား၊ သရက်၊ ဒန့်ဒလွန်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ပါသည်။
အလားတူ ဒလမြို့နယ် ညောင်ငုတ်တိုကျေးရွာအနီးရှိ အများပြည်သူများနှင့် သက်ဆိုင်သောမြေနေရာများ၌ တစ်အုပ်တစ်မ သစ်တောစိုက်ခင်း စိုက်ပျိုးခြင်းများကိုလည်း ဒလတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုများ၊မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်အတူ မန်ဂျန်ရှားပင်များ စုပေါင်းစိုက်ပျိုးခဲ့ပါသည်။

0 comments:

Post a Comment