ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာအနီး၌ နင်းမိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး
နေပြည်တော်၊ ဇွန် - ၁၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ တောင်ငူတန်းရပ်ကွက်နေ ဦးအောင်ဇော်မင်း သည် ဇွန် ၁၆ ရက်တွင် မူသဲကျေးရွာ၏ အရှေ့တောင်ဘက်ရှိ တောအတွင်းသို့ ဟင်းစားရှာ ဖွေရန် သွားရောက်စဉ် သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးနင်းမိ ပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများဖြင့် နေရာ၌ပင်သေဆုံးခဲ့သည်။
အဆိုပါ မိုင်းထိသေဆုံးသူ၏ ကျန်ရစ်သူမိသားစုများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Wednesday, June 17, 2020
ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာအနီး၌ နင်းမိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး သေဆုံး
June 17, 2020
No comments
0 comments:
Post a Comment