ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် တပ်မတော်သားများက ပြင်ပဈေးထက် သက်သာသော ထမင်း၊ ဟင်းလျာများ ဆက်လက်ရောင်းချ
ကျောက်ပန်းတောင်းမြို့၊ ဇွန် ၁၈
COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာသောကြောင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ကျန်မားရေးဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ကျောက်ပန်းတောင်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်းတွင် ပြင်ပဈေးနှုန်းထက်သက်သာသည့် တန်ဖိုးဖြင့် ၄၀၀ကျပ်သာ ကျသင့်သော တန်ဖိုးသင့် ထမင်းဟင်း(ထမင်းဖြူ၊ကြက်သားဟင်း၊ ၊ ကြက်ဥချဥ်ဟင်း၊ အစိမ်းကြော်၊ငပိကြော်၊သီးစုံပဲကုလားဟင်း ) အား ကျောက်ပန်းတောင်းမြို့နယ်ပြည်သူဆေးရုံရှေ့တွင် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝင်းလိူင်(စကားဝါမြေ)
0 comments:
Post a Comment