Saturday, June 20, 2020

အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီဆောင်ရွက်ပေး

အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီဆောင်ရွက်ပေး

နေပြည်တော်၊ ဇွန် - ၂၀


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊လားရှိုးမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့၊ ကျောက်တန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေညောင်မြို့၊ နန်းသီတာကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ သဲကုန်းကျေးရွာ၊ အခြေခံပညာမူလ တန်းကျောင်း၊ ပန်းတောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ ပင်းတယမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်)၊ ဟဲဟိုးမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်း ကျောင်းနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မထောခူရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း တို့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ ကျေးသီးမြို့၊ မိုးနဲမြို့၊ မိုင်းနောင်မြို့၊ လွိုင်လင်မြို့၊ ကျိုင်းတောင်းမြို့၊ လဲချားမြို့၊ နမ့်စန်မြို့၊ မိုင်းပန်မြို့၊ ကွန်ဟိန်းမြို့နှင့် ကာလိမြို့တို့ရှိ အခြေခံပညာကျောင်းတို့၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့ခမယ် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျိုက်ထိုမြို့၊ ဇေယျာမွန်အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တို့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ အခြေခံပညာအလယ်တန်း ကျောင်းခွဲနှင့် ညောင်တန်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment