
ကိုယ် ပိုင်ဆိုင်တဲ့ အသက်နဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို မစွန့်လွှတ်နိုင်ရင်
စစ်သား တစ်ယောက်ရဲ့တန်ဖိုးကို မစော်ကားပါနဲ့.....
ကိုယ်ပိုင် ဘဝနဲ့ ကိုယ်ပိုင် မိသားစု ကမ္ဘာလေး သံယောဇဉ် မဖြတ်နိုင်လို့ ကျောခိုင်းမထားနိုင်ရင်
နိုင်ငံတော် အပေါ်တာဝန်ကျေနေတဲ့ စစ်သားတွေကို မစော်ကားနဲ့......
ဘဝ ဟာ တိုက်ပွဲပါလို့ သီချင်းလုပ်ဆိုနေချိန် တိုက်ပွဲဟာ ဘဝဖြစ်နေသူတွေ
ကျည်ဆံ မိုးကြား အသက်လုလို့ နေရတယ်
အပိုမပါတဲ့ အသက်နဲ့ အစားထိုးစရာ မရှိတဲ့ အင်္ဂါ မစွန့်လွှတ်နိုင်ရင်
စစ်သား တစ်ယောက်ရဲ့ဘဝကို မစော်ကားနဲ့......
အစိမ်းရောင်တွေကို မချစ်တက်သရွေ့
ရာသီဥတုက အမြဲဖောက်ပြန်နေအုံးမှာ..........။
Credit
Sunday, June 21, 2020
စစ်သား တစ်ယောက်ရဲ့တန်ဖိုးကို မစော်ကားပါနဲ့.
June 21, 2020
No comments
0 comments:
Post a Comment