Tuesday, June 16, 2020

တောင်သာမြို့နယ်သဘင်အစည်းအရုံးနှင့် တောင်သာမြို့နယ် ဘိုးဘွားရိပ်သာသို့ စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်း

တောင်သာမြို့နယ်သဘင်အစည်းအရုံးနှင့် တောင်သာမြို့နယ် ဘိုးဘွားရိပ်သာသို့ စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန်- ၁၆


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက တောင်သာမြို့နယ် သဘင်အစည်းအရုံးအဖွဲ့ဝင်များနှင့် တောင်သာမြို့နယ် ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် တောင်သာမြို့နယ်ရှိ သာသနာ့ဗိမာန်၌ ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများ၊ တောင်သာမြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့် သဘင်ပညာရှင်များ၊ အဘိုး၊ အဘွားများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်သာမြို့နယ်သဘင် အစည်းအရုံး အဖွဲ့ဝင် ၂၄၈ ဦးနှင့် အဘိုး၊ အဘွား ၅၂ ဦးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသည့် ဆန် ၄၅ အိတ်၊ ဆီ ၈၄ ပိဿာ၊ ဆား ၇၂ ပိဿာနှင့် ပဲ ၁၂၈ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ တောင်သာမြို့နယ်သဘင် အစည်းအရုံးဥက္ကဋ္ဌနှင့် သာသနာ့ဗိမာန် တာဝန်ခံ တို့က လက်ခံရယူကြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment