Tuesday, June 16, 2020

ဘုန်းတော်ကြီးကျောင်းများ၌ နေ့ဆွမ်း/လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများ၌ နေ့ဆွမ်း/လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း
ပြင်ဦးလွင်၊ ဇွန် ၁၆
Image may contain: one or more people, people sitting and indoor
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် အထောက်အကူပြုစေရန်နှင့် ကူးစက်ရောဂါကြောင့် သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ခဲဖွယ်များ အဆင်ပြေစေရေးအတွက် ပြင်ဦးလွင်တပ်နယ် မိသားစုများက ယနေ့နံနက်ပိုင်းတွင် တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်၊ ရန်မျိုးအောင်ကျောင်းတိုက်၊ ပတ္တမြားကျောင်းတိုက်၊ ဓမ္မဒီပကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ မဇ္ဈိမပဋိပဒါကျောင်းတိုက်၊ ပတ္တမြားတောင်ကျောင်းတိုက်၊ မဟိန္ဒာရာမမိုးညိုကျောင်းတိုက်၊ ဓမ္မပါလကျောင်းတိုက်နှင့် ခန္တီးကျောင်းတိုက် အစရှိသော ဘုန်းတော်ကြီးကျောင်း (၉) ကျောင်းသို့ သွားရောက်၍ နေ့ဆွမ်း ဆက်ကပ်ပြီး တပ်ဦးကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်ဥများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: 1 person, sitting, table and indoor 
Image may contain: 3 people, people standing and outdoor

0 comments:

Post a Comment