Friday, June 19, 2020

ကျန်းမာရေး ဝန်ထမ်းများ/ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ လှူဒါန်း

ကျန်းမာရေး ဝန်ထမ်းများ/ဆေးရုံတက်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ လှူဒါန်း
ပြင်ဦးလွင်၊ ဇွန် ၁၉

Image may contain: 1 person, standing and indoorImage may contain: one or more people and people standing
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID - 19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများ၏ စားသောက်ရေး အဆင်ပြေစေရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများသည် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို အပတ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် တပ်နယ်မှ တာဝန်ရှိသူများက ပြင်ဦးလွင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)မှ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများအတွက် ခေါက်ဆွဲခြောက်၊ ပေါင်မုန့်၊ ရွှေဖီဦး တီးမစ်(စ်)နှင့် ကြက်ဥများကို သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment