အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီဆောင်ရွက်ပေး
နေပြည်တော်၊ ဇွန် - ၁၈
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၊ ရေသာကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ရပ်စောက်မြို့၊ တောင်နီကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း၊ တောင်ချွန်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ကယား ပြည်နယ်၊ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာ အခြေခံပညာအထက်တန်းကျောင်းနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လှိုင်၀ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Thursday, June 18, 2020
အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီဆောင်ရွက်ပေး
June 18, 2020
No comments
0 comments:
Post a Comment