Tuesday, June 16, 2020

AA အဖွဲ့မှ ချင်းရွာတစ်ရွာအတွင်းတွင်နေ၍ ကျေးရွာလူထုအား ရွာပြင်ထွက်ခွင့်ပိတ်ထားသဖြင့် လူ ၆၀၀ကျော် စားနပ်ရိက္ခာ ပြတ်လပ်

AA အဖွဲ့မှ ချင်းရွာတစ်ရွာအတွင်းတွင်နေ၍ ကျေးရွာလူထုအား ရွာပြင်ထွက်ခွင့်ပိတ်ထားသဖြင့် လူ ၆၀၀ကျော် စားနပ်ရိက္ခာ ပြတ်လပ်
Image may contain: 3 people, people sitting
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ရှမ်းကုန်းရွာတွင် AA အဖွဲ့များ ရွာသားအသွင်ယူကာ ခိုလှုံနေပြီး ၎င်းရွာမှဒေသခံများကိုလည်း ရွာအပြင်မထွက်ခိုင်းပဲ စောင့်ကြည့်နေခြင်းကြောင့် ချင်းတိုင်းရင်းသား ၆၀၀လောက်မှာ ရိက္ခာပြတ်လပ်နေသည်ဟု သိရှိရသည်။
ရှမ်းကုန်းရွာမှာ ချင်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာဖြစ်ပြီး လူဦးရေ ၆၀၀ကျော်နေထိုင်သောရွာ ဖြစ်သည်။
ထိုသို့ ရိက္ခာပြတ်လပ်မှုဒဏ်အား နည်းလမ်းရှာရန်အတွက် ၎င်းရွာမှ ချင်းအမျိုးသားတိူ့သည် ရွာပြင်ထွက်ရန် လုပ်ဆောင်သော်လည်း မအောင်မြင်ပဲ AA အဖွဲ့မှ မိကာ နှိပ်စက်ခံခဲ့ရသည်။၎င်းတို့ကြားမှ အပြင်သို့လွတ်မြောက်လာသူ ချင်းအမျိုးသားတစ်ဦးမှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနှင့် ချင်းအမျိုးသား စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တို့ကို သတင်ပေးခဲ့သည်။
၎င်းက " သူတို့တွေရွာထဲမှာ ရှိနေကျတာ တစ်လကျော်လောက်ရှိပြီ၊ဘယ်သူ့ကိုမှ ရွာအပြင်ပေးမထွက်ဘူး။စစ်ဘေးရှောင်စခန်းတွေကိုလည်း သွားခွင့်မပေးဘူး၊ထွက်ပြေးတာမိတာ သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်၊မိတဲ့လူတွေလည်း နှိပ်စက်ခံနေရတယ်၊အခုလည်းရွာထဲမှာ လူ ၆၀၀လောက် စားစရာမရှိပဲ ဟင်းသီးဟင်းရွက်တွေပဲ စားနေရတယ်၊ "ဟု၎င်းကပြောသည်။
ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရသော ရှမ်းကုန်းကျေး ရွာတွင် အိမ်ခြေ ၁၅၆ အိမ်နှင့် လူဦးရေ ၆၆၂ ဦးနေထိုင်ပြီး ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်းချင်းလူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရေးအဖွဲ့ (CHAT)မှ ဆလိုင်း၀င်းမောင်ကလည်း ပြောကြားသည်။
" ကြားလာတဲ့ သတင်းနဲ့ပတ်သတ်လို့ ဒီအတိုင်းဆို ကျေးရွာမှာရှိတဲ့လူတွေက စား၀တ်နေရေးက အဆင်မပြေတော့ဘူး။ သူတို့ က ဒုက္ခသည်စခန်းကိုသွားချင်သော်လည်း သွားလို့မရဘူး။အထွက်လည်း မခံဘူး။ ဒီအတိုင်းပဲ ပိတ်နေတဲ့အခါကျတော့ အခုဒေသခံတွေက စားစရာဆန်မရှိတဲ့အခါကျတော့ ဟင်းသီးဟင်းရွက်တွေပဲ စားနေရတယ်။ အဲဒီလိုမျိုးအခြေအနေအထိ ရောက်နေပြီ" ဟု ၄င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း၌လည်း ချင်းစစ်ဘေးရှောင်ဦးရေမှာ ခြောက်ထောင်ကျော်ရှိနေပြီး အချို့သော ချင်းရွာများအား ဆက်ကြေးကောက် ရိက္ခာတောင်းယူခြင်းများကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေကြသည်။

0 comments:

Post a Comment