Sunday, June 14, 2020

AA အဖွဲ့၏ မထောက်ပံ့မှုကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်

AA အဖွဲ့၏ မထောက်ပံ့မှုကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်
======================
ဇွန်၊ ၁၅ ၊ May Yu Htar Nay

မမိုးမိုးနွယ်သည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးထဲမှ ဒိုင်းနက် မျိုးနွယ်စုဝင် အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။ သူမကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဘောင်္ကွေ့အမည်ရှိသည့်ကျေးရွာတွင် ဒိုင်းနက်လူမျိုးများ ဖြစ်ကြသည့် ဦးကျော်မြအောင်နှင့် ဒေါ်မယ်ဘုစိန်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။ မွေးချင်းနှစ်ဦးထဲတွင် သမီးကြီးဖြစ်ပြီး မိဘများအားရှာဖွေကျွေးမွေးရန် အသက် (၁၆)နှစ်အရွယ်တွင် AA အမာခံများ၏ စည်းရုံးမှုကြောင့် AA စစ်သင်တန်းကျောင်းတွင် စစ်သင်တန်းတက်ကာ စစ်တိုက်ရန် ပြန်လည် စေလွတ်ခြင်းခံခဲ့ရသည်။
Image may contain: 1 person, sitting, text that says 'ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် မမိုးမိုးနွယ်'
သူမ၏အမေ မွေးပေးလိုက်စဉ်က ခြေလက်အင်္ဂါအစုံ ပါဝင်သော်လည်း အသက် ၁၇ နှစ်အရွယ်ရောက်မှ တိုက်ပွဲတွင် ခြေထောက်တစ်ဖက်ကျည်ထိမှန်ကာ ဖြတ်လိုက်ရပြီး AA အဖွဲ့မှ ဘ၀တစ်သက်စာထောက်ပံ့ကြေးမပေးသည့်အတွက် မမိုးမိုးနွယ်တစ်ယောက် မကျေမချမ်း ဖြစ်နေခြင်းပင် ဖြစ်သည်။
ဖခင်ဖြစ်သူမှာ ဆွံ့အ နားမကြားသူတစ်ဦးဖြစ်သည်။ မိခင်ဖြစ်သူသည်လည်း ကျန်းမာရေးချို့တဲ့သူဖြစ်သည်။ မမိုးမိုးနွယ် အသက် ၅ နှစ်အရွယ်တွင် မိခင်ဖြစ်သူမှာ အပြင်းဖျားရာမှ ဆုံးပါးသွားခဲ့သည်။ ထိုသို့ မိခင်ဆုံးရှုံး သွားချိန်တွင် သူမ၏ မောင်ဖြစ်သူမှာ ၅ လသားအရွယ်သာရှိသေးသည်။ မမိုးမိုးနွယ်တို့ မောင်နှစ်မ ၂ ယောက် မိခင်မေတ္တာဆုံးရှုံးသွားချိန်တွင် မိခင်ကဲ့သို့ မေတ္တာထားပေးသူ တစ်ဦးကို ထပ်မံ တွေ့ရှိ လိုက်ရသည်။ ဖခင်၏ အစ်မဖြစ်သူက ၎င်းတို့မောင်နှစ်မ ၂ ယောက်ကို မွေးစားပေးခဲ့သည်။
သူ့အမေဆုံးတော့ အဒေါ်ဖြစ်တဲ့အဖွားကပဲ သူတို့ကိုမွေးစားခဲ့ရတာပေါ့။ သူ့အဖေဖြစ်တဲ့ အဖွားရဲ့မောင်က စကားလည်းမပြောတက် ၊ ကြားလည်းမကြားရတော့ ဒီကလေးကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်နိုင်မှာလဲဟု အသက် ၆၀ အရွယ် ဒေါ်မယဉ်ကဆိုသည်။
Image may contain: 4 people, outdoor
မိုးမိုးနွယ် ဆိုသည့်အမည်က မိုးရေကဲ့သို့ အေးစက်လှသော်လည်း သူမ၏ ဘဝတွင် အပူတစ်သိုက်နှင့် ဖြစ်ခဲ့ ရသည်။ သူမ စာသင်ချိန်ရောက်၍ ကျောင်းတက်ခဲ့သော်လည်း မိသားစုစားဝတ် နေရေး အခက်အခဲက သူမကို စာသင်ခန်းနှင့် အလှမ်းဝေးစေခဲ့သည်။ သူမ တတိယတန်းတက်မည့်နှစ်တွင် ကျောင်းမှထွက်ကာ မွေးစားမိခင်(အဒေါ်)ဖြစ်သူနှင့်အတူ မိသားစုဝမ်းရေး အတွက် ထင်းခွေ၊ ဟင်းခူးအလုပ်များ ကို ဝိုင်းကူလုပ်ကိုင်ပေးခဲ့ရသည်။
မမိုးမိုးနွယ် အသက် ၁၀ နှစ်ခန့်အရွယ်မှစတင်၍ မိုးရာသီ၌ ကင်းစွန်းရွက်များကို ခူးယူရောင်းချကာ နွေရာသီ ဆိုလျှင် ထင်းခွေခြင်းအလုပ်ကိုလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရသည်။ ထိုသို့ပညာမတတ်သည့်သူကို AA အမာခံများမှ စည်းရုံးသိမ်းသွင်းကာ စစ်သင်တန်းများပေးပြီး အသက်ငယ်ငယ်လေးဖြင့် တိုက်ပွဲ၀င်ခိုင်းခဲ့ခြင်းကြောင့် ယခုလိုခြေထောက်ကျည်ထိပြီး ဖြတ်လိုက်ခြင်း ဖြစ်သည်။
၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ သင်္ဘောကွေ့ ကျေးရွာအနီး AA အဖွဲ့နှင့်အတူ တပ်ယာဉ်တန်းအားမိုင်းခွဲတိုက်ခိုက်စဉ် ၎င်းမှာကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိုနေ့ည ၁၂ နာရီကျော်မှသာ ကျောက်တော်ဆေးရုံသို့ ရောက်ရှိသွားခဲ့သည်။ သူမ၏ ဒဏ်ရာအခြေအနေက စစ်တွေဆေးရုံသို့ပို့ဆောင်ရမည်ဖြစ်သဖြင့် ဧပြီလ ၂ ရက်နေ့တွင် စစ်တွေ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။
စစ်တွေဆေးရုံတက်ရမယ်ဆိုတော့ လက်ထဲမှာ ငွေတစ်ပြားမှမရှိဘူးလေ၊ AA မှာနေတော့ လစာလည်းမရ၊ အခုဖြစ်တော့လည်း ဘာထောက်ပံ့ပေးမှုမှမရှိနဲ့ သူအလုပ်လုပ်တုန်းကရတဲ့ ငွေလေး တွေနဲ့ စုဝယ်ထားတဲ့လက်စွပ်လေးတစ်ခုရယ်၊ အဘွားမှာ ယောက်ျားရှိတုန်းက ဆင်ပေးခဲ့တဲ့ ဆွဲကြိုးတစ်ကုံး ရယ်ကို မတန်မဆစျေးနဲ့ရောင်းပြီး သူ့ကို စစ်တွေဆေးရုံကိုတင်ခဲ့ရတာ ဟု ဒေါ်မယဉ်က ပြောသည်။
ဆက်လက်၍ ဒေါ်မယဉ်က ဆေးရုံမှာခွဲစိတ်တော့ ခြေထောက်ထဲက ကျည်နှစ်တောင့်ရတယ် ဟု ဆိုသည်။ ထိုသို့ ဆေးကုသမှုခံယူ၍ မမိုးမိုးနွယ်တစ်ယောက် ကျန်းမာလာခဲ့သဖြင့် သူမ၏မျက်နှာတွင် အပြုံးများ အစ ပြုလာတော့သည်။ သို့သော် ထိုအပြုံးများက ကြာကြာတော့မခံခဲ့ပေ။ ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ မမိုးမိုးနွယ်၏ ကျည်ထိမှန်ခဲ့သည့် ဘယ်ခြေထောက်မှာ မဲနက်ရောင်ရမ်းလာခဲ့ပြီး အနာအရှိန်ဖြင့် အဖျားစဝင်လာခဲ့တော့သည်။
မမိုးမိုးနွယ်၏ဝေဒနာကို စစ်တွေဆေးရုံကြီးမှ အရိုးအထူးကုဆရာဝန်ကြီးကိုယ်တိုင် ကြိုးစား ကုသပေးခဲ့ပါသော်လည်း မတတ်သာတော့သည့်အဆုံး ကျည်ထိမှန်ခဲ့သည့်ခြေထောက်ကို ဒူးအောက်ပိုင်းမှ ဖြတ်တောက် လိုက်ရသည်။ ခွဲစိတ်ခန်းထဲတွင် မေ့ဆေးအရှိန်ကြောင့် ခြေထောက်တစ်ချောင်း ဖြတ်ထုတ်လိုက်ရသည်ကို မမိုးမိုးနွယ် တစ်ယောက်မသိရှိနိုင်ခဲ့ဘဲ သူမပြန်လည်သတိရလာချိန်တွင် သူမ၏ခြေထောက်အတွက် ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။
ဆရာဝန်ကြီးပြောတာတော့ ကျည်ဆိပ်သင့်တယ်လို့ပြောတာပဲ။ အဲဒါတောင် ဖြတ်ထုတ် လိုက်တာ မြန်သွား လို့တဲ့၊ မဟုတ်ရင် အသက်အန္တရာယ်တောင်ရှိတယ်လို့ပြောတယ် ဟု အဒေါ်ဖြစ်သူ ဒေါ်မယဉ်က ပြောပြသည်။
ထိုနောက်တွင် စေတနာရှင်များ၏အကူအညီဖြင့် မမိုးမိုးနွယ်တစ်ယောက် ဂျိုင်းထောက်တစ်စုံကို စတင် ကိုင်တွယ်ခဲ့ရတော့သည်။
Image may contain: 6 people
နေရပ်ပြန်မည်ဆိုပါကလည်း ဘဝရပ်တည်ရေး အာမခံချက်တို့မှာ ပျောက်ဆုံး နေသည့်အတွက် မည်သို့လုပ်ရမည်ကိုမသိသေးကြောင်း မမိုးမိုးနွယ်၏အဒေါ်ဖြစ်သူ ဒေါ်မယဉ်ကဆိုသည်။ ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း မမိုးမိုးနွယ်ကဲ့သို့ ခြေလက်အင်္ဂါဆုံးရှုံးသွားရသည့် AA လက်နက်ကိုင် တပ်ဖွဲ့၀င် များစွာရှိနေသေးသည်။ ထို့ကြောင့်ပင် ရခိုင်ပြည်နယ်၏ မသန်စွမ်းဦးရေမှာလည်း တိုးလာနေရသည်။
မမိုးမိုးနွယ်မှာ စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ စစ်ဘေးရှောင်များ ထားရှိရာ နေရာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိကာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြား ပေးနေသည့် စက်ချုပ်သင်တန်းကိုလည်း တက်ရောက်လျက်ရှိနေသည်။ သူမအဖို့ အဒေါ်ဖြစ်သူနှင့် မောင်ဖြစ်သူတို့ကို လုပ်ကိုင်ကျွေးနိုင်ရန်အတွက် သူမတွင်ကျန်ရှိသေးသည့် ခြေထောက်တစ်ဖက်ဖြင့် စက်ခြုပ်သည့်အတတ် ပညာကိုသင်ကြားကာ အသက်မွေးဝမ်းကျောင်းပြုသွားမည်ဟု သူမခံယူထားဟန် ရှိပါသည်။

0 comments:

Post a Comment