Monday, August 3, 2020

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ဝဋ်ေကြွေးကြေဆုတောင်းပြည့်စေတီတော် မြတ်ကြီးအား ဉာဏ်တော်မြှင့် ဘက်စုံမွမ်းမံခြင်းမင်္ဂလာ ပြုလုပ်

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ဝဋ်ေကြွေးကြေဆုတောင်းပြည့်စေတီတော် မြတ်ကြီးအား ဉာဏ်တော်မြှင့် ဘက်စုံမွမ်းမံခြင်းမင်္ဂလာ ပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ စတုဘုမ္မိက ကျောင်းတိုက်၊ သေလာပဗ္ဗဒဆင်ဖြူတော်တောင်ရှိ ဝဋ်ေကြွေးကြေ ဆုတောင်းပြည့်စေတီတော် မြတ်ကြီးအား ဉာဏ်တော်မြှင့် ဘက်စုံမွမ်းမံခြင်းမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ပြုလုပ်ရာ စတုဘုမ္မိက ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုန္တရ ကြွရောက်တော်မူပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင် နှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စတုဘုမ္မိက ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာရွှေကြုတ်၊ ငွေကြုတ် နှင့် အုတ်မြစ်တော်များကို ဝဋ်ေကြွေးကြေဆုတောင်းပြည့် စေတီတော်မြတ်ကြီးသို့ ပင့်ဆောင်၍ အုတ်မြစ်တော်များချခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ ဝဋ်ေကြွေးကြေဆုတောင်းပြည့်စေတီတော်မြတ်ကြီးသည် ယခင်က ဉာဏ်တော် အမြင့် ၁၁ တောင်သာရှိပြီး ယခုအခါတွင် ဉာဏ်တော်အမြင့် ၄၅ ပေသို့ မွမ်းမံပြင်ဆင်ပြီး တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment