နယ်မြေခံတပ်မတော်သားများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
ဩဂုတ် ၃၀

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မလွန်တပ်နယ်ကွပ်ကဲမှုအောက်၊ တပ်ရင်း /တပ်ဖွဲ့များရှိ တပ်မတော်သားများ ဦးစီး၍ ယနေ့နံနက်ပိုင်းတွင် မင်းလှမြို့နယ်၊ (ကွေ့ကြော/ခလိုင်း/ရွာသာလှ)ကျေးရွာဘုန်းကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ရောဂါဝေဒနာရှင်များ နှင့် အထွေထွေရောဂါပြသသူများ၊ စုစုပေါင်း ၁၆၇ ဦးတို့အား စမ်းသပ်စစ်ဆေးကုသပေးခြင်းများနှင့် လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြသပိတ်
0 comments:
Post a Comment