Tuesday, August 25, 2020

ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာသော ဈေးနှုန်းများဖြင့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များ ရောင်းချပေး

ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်သာသော ဈေးနှုန်းများဖြင့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များ ရောင်းချပေး
Image may contain: 1 person, outdoor
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID - 19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့်ကာလအတွင်း ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားရေး အထောက်အကူဖြစ်စေရန် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများသည် တပ်ပိုင်နှင့် မိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (ပြင်ဦးလွင်) ၌ အပတ်စဉ် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အမဲသား (၁ ပိဿာ ၇၀၀၀ ကျပ်နှုန်းဖြင့် ၄၁၀ ပိဿာ)၊ ဝက်သား (၁ ပိဿာ ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၅၀ ပိဿာ)၊ ကြက်သား (၁ ပိဿာ ၄၀၀၀ ကျပ်နှုန်းဖြင့် ၂၀၀ ပိဿာ)၊ ငါး (၁ ပိဿာ ၂၂၀၀ ကျပ်နှုန်းဖြင့် ၁၀၀ ပိဿာ)၊ ကြက်ဥနှင့် မုံလာဥဖြူ၊ ဘိုစားပဲ၊ ပဲတောင့်ရှည်၊ ဗူးသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ပြောင်းဖူး၊ ဂေါ်ရခါးညွန့် ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် စသည့် ဟင်းသီးဟင်းရွက်များကို ယနေ့ နံနက်ပိုင်းတွင် ထပ်မံ ရောင်းချပေးခဲ့ရာ ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူ ၅၀၀ ခန့်နှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်များက လာရောက် ဝယ်ယူ အားပေးကြပြီး တပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကာ COVID-19 ရောဂါနှင့်ပတ်သက်၍ အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Surgical Mask) များ အခမဲ့ ဝေငှပေးခြင်းနှင့် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
Image may contain: one or more people, people standing and outdoor
ယခုကဲ့သို့ ဒေသခံပြည်သူများ၏ စားသောက်ရေး အဆင်ပြေစေရန် ပြင်ဦးလွင်တပ်နယ်က စီစဉ်ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်မြို့ဒေသခံ စေတနာရှင် ပြည်သူတစ်ဦးကလည်း နှစ်သက်သဘောကျကာ ယနေ့နံနက်ပိုင်း နယ်မြေခံ တပ်မတော်သားများနှင့် လာရောက်ပူးပေါင်း၍ အဆိုပါ ဈေးရောင်းပွဲသို့ လာရောက်သူအားလုံးကို တစ်ဦးလျှင် ချဉ်ပေါင်ရွက် ၁ စည်းနှင့် ကြက်ဥ ၅ လုံးနှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: one or more people, fruit, food and outdoor 
Image may contain: one or more people and outdoor 
Image may contain: one or more people, outdoor and food

0 comments:

Post a Comment