ရှေ့တန်းထွက်နေတဲ့ တပ်တွေမှာ
နောက်ချန်အင်အားတွေထဲကနေ
မဖြစ်မနေ တွက်ချက်ကြရတဲ့
အင်အားအချိုးအစားတွေအထဲမှာ
ရဲမေတွေရဲ့ အင်အားကလည်း မပါမဖြစ် ဖြစ်တယ်.............
ဒါကြောင့်လည်း တပ်တိုင်းကရဲမေတွေကို
အခါအားလျော်တဲ့ အချိန်တွေတိုင်းမှာ
စစ်ပညာတွေကို သင်ကြားပေးလေ့ရှိသလို
တပ်ရင်းလုံခြုံရေးဆိုတဲ့ စီမံချက်တွေမှာလည်း
တသားတည်းကျအောင် ဇာတ်တိုက်လေ့ကျင့်ပေးလေ့ရှိတယ်။
ဒါ့အပြင်
ရန်သူတွေက အလစ်ဝင်တိုက်တဲ့အချိန်မှာ
တပ်အသင့်နေရာယူခြင်းဆိုတာတွေမှာ
ရဲမေတွေအနေနဲ့ အမြဲတမ်းအဆင်သင့်ဖြစ်နေအောင်
တပ်တိုင်းက ရဲမေတွေအနေနဲ့
ကြိုတင် ဇာတ်တိုက်ပြင်ဆင်ထားလေ့ရှိတယ်။
ဒါကြောင့်လည်း
လူအင်အားသာ နည်းချင်နည်းနေမယ်
စိတ်ဓာတ်ခိုင်မာမှုအပိုင်းမှာ
သွေးမနည်းဘူးဆိုတာကို နောက်ချန်ရဲမေတွေက
အမြဲတမ်း ထုတ်ဖော်ပြသလေ့ရှိတယ်။
သိပ်ကို ရဲရင့်ကြတဲ့သူတွေဖြစ်သလို
သိပ်ကို အားကိုးရတဲ့ သူတွေမို့ တကယ်လေးစားမိရတာတော့ အမှန်ပဲ။
credit
0 comments:
Post a Comment