ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းရှိ တံတားပျက်စီးမှုအား ပြန်လည်ပြုပြင်
နေပြည်တော်၊ သြဂုတ် - ၂၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်း အရှည် ၂၃၅ ပေ၊ အကျယ် ၁၂ ပေရှိ ဖုန်အင်ချောင်းကူးတံတားပေါ်သို့ သြဂုတ် ၂၁ ရက်တွင် မြစ်ကြီးနားမြို့ဘက်မှ ပူတာအိုမြို့ဘက်သို့ မောင်းနှင်လာသည့် ဒေါင်ဖန်းအမျိုးအစား မော်တော် ယာဉ် ၁ စီးသည် တံတားအား ဖြတ်ကူးစဉ် တံတားကျိုးကျခဲ့ရာ ယာဉ်မောင်း ၁ ဦးနှင့် ယာဉ်နောက်လိုက် ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိသူများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများက လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး တံတားပျက်စီးမှုအား ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment