Thursday, August 27, 2020

တပ်မတော်ဆေးတပ်ဖွဲ့ဝင်များဆိုသည်

တပ်မတော်ဆေးတပ်ဖွဲ့ဝင်များဆိုသည်
Image may contain: 2 people, people sitting
ပညာရေး ကျန်းမာရေး ဖွံ့ဖြိုးတဲ့နေရာဒေသတွေမှာ
ကြီးပြင်းရတဲ့သူတွေအတွက်တော့ ဒီမြင်ကွင်းလေးက
သာမန်အနေအထားလောက်ပဲ ရှိမှာပါ...

ဖွံ့ဖြိုးမှုအားနည်းတဲ့ နေရာဒေသတွေရောက်တဲ့အခါ
ဆေးမှူးဆရာဝန်မဆိုထာားဘိ
ဆေးပညာအခြေခံသင်တန်းဆင်းခါစ ရဲဘော်လေးတစ်ဦးကိုတောင်
သူ့တို့အတွက်တော့ ဘုရားပေးတဲ့ ဆုလဒ်တစ်ခုလို သဘောထားပြီး
ယုံကြည်စွာနဲ့ ကုသမှုခံယူလေ့ရှိတယ်...

တပ်မတော်သားဆေးတပ်ဖွဲ့ဝင်တွေဟာ
ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို
ကာကွယ်စောင့်ရှောက်မှု ပေးနေတဲ့အပြင်
ကျန်းမာရေးစောင့်ရှောက်မှုဆိုတဲ့
ကြီးမားသောတာဝန်များ တွဲဖက်ထမ်းဆောင်နေတဲ့အတွက်
အလွန်ကုသိုလ်အကျိုး ဖြစ်ပေါ်စေတဲ့ အလုပ်လည်း ဖြစ်မှာ သေချာပါတယ်...

Credit-

0 comments:

Post a Comment