Saturday, August 29, 2020

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၉


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက ကျောက်ကြီးမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် နယ်မြေခံတပ်နယ် ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း များဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအား ပေးသည်။

အလားတူ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ ပြည်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို ပြည်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ လည်းကောင်း ရွှေကျင်တပ်နယ်နှင့် ပြည်တပ်နယ်မှ တာဝန်ရှိသူများက အသီးသီးတွေ့ဆုံ၍ စားသောက်ဖွယ်ရာများပေးအပ်ခြင်းနှင့် နယ်မြေခံတပ်နယ် ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား သွေးတိုး ရောဂါ၊ ဆီးခိုျရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ COVID-19 ရောဂါကြို တင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment