မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ သြဂုတ် - ၂၀

COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ သွေးလို အပ်ချက်မရှိစေရေး သြဂုတ် ၁၉ ရက်နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သံဖြူဇရပ်တပ်နယ်မှ တပ်မတော်သားများ၊ မုဒုံမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များစုစုပေါင်း ၆၈ ဦးတို့က အဆိုပါဆေးရုံကြီး၌ သွားရောက်သွေးလှူဒါန်းကြသည်။
ယင်းသို့သွေးလှူဒါန်းနေမှုများကို သံဖြူဇရပ်တပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအား အာဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment