ဖားဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း ပေး၊ လမ်းပိတ် ဆို့မှုအား ရှင်းလင်းဖယ်ရှား
နေပြည်တော်၊ သြဂုတ် - ၂၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်လာသဖြင့် ဖားဆောင်းမြို့၊ တောင်ပိုင်းရပ် ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ခဲမဖြူကျေးရွာ၊ အမှတ်(၁) ရပ်ကွက်၊ နန်းဟူကုန်းကျေးရွာများအတွင်းသို့ ရေများဝင်ရောက်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘောလခဲတပ်နယ်မှ တပ်မတော်သားများက ရေဝင် ရောက် မှုဖြစ်ပေါ်ခဲ့သည့် နေအိမ်များမှ အိမ်ထောင်စု ၁၆ စုကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း များနှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ မော်ချီးအောက်ရွာအား ဖြတ်၍ မြောက်မှ တောင်သို့စီးဆင်း လျက်ရှိသော မိုလိုချောင်းသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်ချီး-တောင်ငူသွား ကားလမ်းပေါ်ရှိ အကျယ် ၃၀ ပေ၊ အရှည် ၅၀ ပေရှိ မိုလိုချောင်းတံတား အောက်ခြေတွင် သဲ၊ နှုန်းနှင့်အမှိုက်များပိတ်ဆို့ခြင်း၊ ကျောက်တုံးများတင်ကျန်ခဲ့ခြင်း၊ ကားလမ်း ပေါ် ပေ ၂၀ ခန့် ရွှံ့နှင့်သဲနှုန်း၊ ကျောက်များတင်ကျန်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ နယ်မြေခံတပ်မတော်သားများ၊ လမ်း၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ တံတားပေါ်နှင့် တံတား အောက်ခြေရှိ သဲ၊ နုံးနှင့် အမှိုက်များရှင်းလင်းဖယ်ရှားခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment