NLD အစိုးရလက်ထက်တည်ဆောက်တဲ့ သိန်း ၇၀၀၀ တန် မော်လိုက်ကလေး ကမ်းထိန်းနံရံ ပြိုကျပျက်စီးမှု

မော်လိုက်မြို့နယ် မော်လိုက်ကလေးကျေးရွာမှာ သိန်း ၇၀၀၀ အကုန်ခံတည်ဆောက်ထားတဲ့ မြစ်ကမ်းထိန်းနံရံ ပြိုကျသွားတယ်။ NLD အစိုးရလက်ထက် သိန်း ၇၀၀၀ သုံးထားတဲ့ မော်လိုက်ကလေးကမ်းထိန်းနံရံ ပလုံ လို့ ရေးနေတာတွေ မြင်မိတော့ ကိုယ့်စိတ်ထဲ ဖွနေကြတယ်ပဲ ထင်နေတာ အခု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပို့စ်တွေ တွေ့မှ တကယ်မှန်းသိတော့တယ် ပိုဆိုးတာက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဘတ်ဂျက်ကျမှ သိန်း ၇၀၀၀ တောင်းပြီး ပေ ၂၄၀၀ ရှိတဲ့ ကမ်းထိန်းနံရံဆောက်ထားတာဖြစ်လို့ ဆောက်ပြီးတာက တစ်နှစ်ပတ်လည်ပဲ ရှိဦးမယ် ရေအရမ်းကြီးလို့ နှစ်ကြာလို့ ပြိုကျတာမျိုးလည်း မဟုတ်ဘဲ ပေ ၇၅၀ ကျော် ပြိုကျပျက်စီးတယ်တဲ့ 7 Day မှာတော့စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်စိုးက ‘‘ရေနည်းချိန်မှာ ကမ်းထိန်းနံရံရဲ့ရှေ့မှာ သောင်ခုံကြီးရှိတယ်။ အဓိကရေ နည်းချိန်မှာ ရေက သောင်ခုံရဲ့ တစ်ဖက်ကမ်းကနေစီးတာ၊ ရေများချိန်မှာတော့ ရေစီးကြောင်းပြောင်းပြီး ရေဦးထိုးတိုက်စားလို့ ပြိုတာပါ။ အခုပြိုကျတဲ့ရေထိန်း နံရံက သံကူကွန်ကရစ် ကမ်းထိန်း နံရံအခြေပြု ကွန်ကရစ်ပြားတမံ လို့ခေါ်ပါတယ်’လို့ ပြောထားတာ တွေ့ရတယ် ဒါပေမဲ့ တစ်ပေကို သုံးသိန်းလောက် အကုန်ခံဆောက်ထားတဲ့ ဒီရေထိန်းနံရံတစ်နှစ်လောက်နဲ့ ပြိုကျတာက ဘာကြောင့်လဲ ဒီဇိုင်းပိုင်းအားနည်းလို့ လား QC သေချာမစစ်လို့လား ဇီးသီးဗန်းမှောက်ပြီး ကုန်ကျစရိတ်လျှော့ဆောက်လို့လား သေချာစစ်ဆေးသင့် ပါတယ် သိန်း ၇၀၀၀ ဆိုတာ ပြည်သူ့ဘဏ္ဍာတွေဖြစ်သလို အခုဆို ဒီရေထိမ်းနံရံနောက်က အိမ် ၃၀၀ ကျော်က ပြည်သူတွေဟာ ကမ်းထိန်းနံရံပြိုကျမှုနဲ့အတူ သူတို့ရဲ့ နေအိမ်တွေအတွက်ပါ စိတ်ပူနေရပြီ

.
Photo Credit U Bo Thein & Cho Win
Credit;Phyo Wei
0 comments:
Post a Comment