ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရိက္ခာအတွက်သိုလှောင်ထားသည့် ဆန်အိတ်များဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ - ၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် စပါးထားကျေးရွာအတွင်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများဆောင်ရွက်စဉ် ဦးရဲကျော်ထွန်း၊ (ဘ) ဦးမောင်စောအောင် ၏ နေအိမ်၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ် ၈၀ အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူနှင့် ဆန်အိတ်များအား စစ်တွေမြို့သို့ဆက်လက်ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment