Sunday, August 23, 2020

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မုဒုံမြို့ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မုဒုံမြို့ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၃
 

မွန်ပြည်နယ်အတွင်း သြဂုတ် ၂၁ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ရေများစီးဆင်းမှုကြောင့် မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေဝင်ရောက် မှုများဖြစ်ပေါ်ခဲ့ရာ ကျောင်းသစ်ရပ် ကွက်နှင့် မြို့မရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ ၄၆ ဦးကို မုဒုံဦးအခြေခံပညာမူလတန်း ကျောင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း၊ လူဦးရေ ၂၇၈ ဦးကို မြို့မ(၄)ရပ်ကွက်ရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းနှင့် လူဦးရေ ၅၄၂ ဦးကို သတိပဌာန်ဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေး ကယ်ဆယ်ရေးစခန်း သို့လည်းကောင်း သြဂုတ် ၂၂ ရက် ညနေပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မုဒုံတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများနှင့် ခရီးသွားပြည်သူများအား သြဂုတ် ၂၂ ရက်နှင့် ယနေ့တို့တွင် မော်လမြိုင်တပ်နယ်နှင့် မုဒုံတပ်နယ် တို့မှ တပ်မတော်သားများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment