Wednesday, August 19, 2020

ရေတာရှည်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

ရေတာရှည်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၉


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ အခြေခံပညာမူလတန်း ကျောင်းနှင့် ကျောက်ကြီးမြို့နယ်၊ စည်ပင်သာကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ် နှင့် ကျောက်ကြီးတပ်နယ်တို့မှ တပ်မတော်သားများက ကျောင်းဝင်း အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂ များနေရာချထားပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment