Thursday, August 27, 2020

စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် တပ်မတော်မှ Surgical Masks နှင့် Examination Glove တို့အား ထပ်မံပို့ဆောင်လှူဒါန်း

စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် တပ်မတော်မှ Surgical Masks နှင့် Examination Glove တို့အား ထပ်မံပို့ဆောင်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၇


ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019(COVID-19) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာပြီး ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်ရာတွင် အထောက်ကူဖြစ်စေရန်အတွက်တပ်မတော်မှ လှူဒါန်းသည့် Surgical Masks ၆၅၀၀၀၀ ခုနှင့် Examination Glove ၁၀၀၀၀၀ ခု တို့ကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှတစ်ဆင့် စစ်တွေမြို့သို့ ထပ်မံပို့ဆောင်လှူဒါန်းသည်။

အဆိုပါပစ္စည်းများကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူ များက စစ်တွေလေဆိပ်၌ လွှဲပြောင်းလက်ခံရယူသည်။ ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးသို့ သွားရောက်၍ တပ်မတော်က ပေးပို့လှူဒါန်းသော Surgical Masks ၅၀၀၀၀၀ ခု၊ Examination Glove ၁၀၀၀၀၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က လက်ခံရယူသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်သို့ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်း များကို သြဂုတ် ၂၁ ရက်တွင် ပထမအကြိမ်၊ သြဂုတ် ၂၆ ရက်တွင် ဒုတိယအကြိမ် ပေးပို့ လှူဒါန်းခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment