လင်းခေးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဝမ်ဟတ်နှင့် နားကုန်းပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ အား တွေ့ဆုံ
နေပြည်တော်၊ သြဂုတ် - ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဝမ်ဟတ်နှင့် နားကုန်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက လင်းခေးမြို့၊ နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လင်းခေးခရိုင်၊ ဝမ်ဟတ်တိုက်နယ်နှင့် နားကုန်းကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ သံဃာတော်များအတွက် ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment