Tuesday, August 25, 2020

အာရောဂျံ၊ ပရမံ၊ လာဘံ

အာရောဂျံ၊ ပရမံ၊ လာဘံ
Image may contain: 1 person
၂၀၁၂ ခုနှစ် ကယားပြည်နယ်ခရီးစဉ်တစ်ခုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးချုပ်နဲ့စကားပြောရင်း ပြည်နယ်ရဲ့ကျန်းမာရေးလိုအပ်ချက်တွေ သိရှိခဲ့တဲ့အတွက် တပ်မတော်ကနယ်လှည့်ဆေးကုသရေးအဖွဲ့တွေ စတင်စေလွှတ်ပေးခဲ့ပါတယ်...
ဒုတိယအကြိမ်မှာ မျက်စိအထူးကုဆရာဝန်များပါ လိုက်ပါကုသပေးမှုတွေကြောင့် ဒေသခံ အခြားမျက်စိခွဲစိတ် လူနာ၊ အထွေထွေရောဂါလူနာများကိုလည်း ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့တဲ့အပြင် ဒေသခံပြည်သူများက လည်း ဝမ်းပန်းတသာ လာရောက် ကုသခဲ့တာကို တွေ့ရှိရပါတယ်...
Image may contain: 1 person, standing
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များအနေဖြင့် " အာရောဂျံ၊ ပရမံ၊ လာဘံ " ဟူသည့် စကားနှင့်အညီ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဖြစ်သည်နှင့်အညီ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး လူတိုင်းဟာ သက်ရှည်ကျန်းမာစေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆက်လက်ဆောင်ရွက်ပေးနေအုံးမည်သာ ဖြစ်ပါတယ်...

@ဘိုသူ
@Original photos

0 comments:

Post a Comment