(COVID-19)ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု များပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန်အတွက် တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် ဆေးအထောက်အကူပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ဒုတိယအကြိမ်ပေးပို့လှူဒါန်း
နေပြည်တော်၊ ဩဂုတ် - ၂၆
ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019(COVID-19) ရောဂါဓာတ်ခွဲ အတည်ပြုလူနာတွေ့ရှိမှု များပြားလာသည့်အတွက် ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်း အန္တရာယ်မဖြစ်ပေါ်စေရေး ၊ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် တပ်မတော်ဆေးကုသရေးအဖွဲ့နှင့်အတူ ဆေးဝါး၊ ဆေးအထောက်အကူပြုစက်၊ ဆေးပစ္စည်း ၁၃၄ မျိုး၊ အသုံးအဆောင်ပစ္စည်းနှင့် စားသောက်ကုန်မျိုးစုံတို့ကို ယနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်လေယာဉ်နှစ်စီးဖြင့် ဒုတိယအကြိမ် ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပေးပို့လှူဒါန်းသည့်ပစ္စည်းများတွင် Oxygen Plant စက်ပစ္စည်း ၁ စုံ ပါဝင်ပြီး Oxygen Plant စက်ပစ္စည်း ၁ စုံသည် တစ်ရက်လျှင် Oxygen Cylinder ၆ လုံး အထိ ထုတ်လုပ်နိုင်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment