ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှု ဖြစ်ပွား
နေပြည်တော်၊ သြဂုတ် - ၂၈
နေပြည်တော်၊ သြဂုတ် - ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေခံပညာအထက်တန်း အား ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုးကြိုးပစ်ခံရမှုကြောင့် ဝါယာရှော့ဖြစ်ပြီး မီးလောင် မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကြာအင်းဆိပ်ကြီးတပ်နယ်မှ တပ်မတော်သားများက မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် အလျား၂၂၀ ပေ၊ အနံ ၃၀ ပေ၊ ပျဉ်းကတိုးကွန်ကရစ်ကျောင်း ဆောင်အဆောက်အဦ တစ်လုံးနှင့် ကျောင်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment