2015 က အမေကြူ ရေးတဲ့ပို့စ်လေးပါ...
ဖတ်ရတာ ကြည်နူး လို့ မိတ်ဆွေများကို ပြန်ရှယ်ပါတယ် ရှင်....
ဒီနှစ်(၂၀၂၀)မှာဆယ်နှစ်တိုင်ခဲ့ပါပြီတဲ့❤️❤️
"အတွေးမျှင်(၆)"
ဝါခေါင်လပြည့်၊မေတ္တာအခါတော်နေ့မှာ တောင်ပေါ်ရွှေဘုန်းရှိန်ဘုရားမှာကိုယ်တို့ ညီအစ်မတွေ ထုံးစံအတိုင်းသီလယူကြပြီး
ပြုနေကျဝတ်ကိုပြုခဲ့ကြပါတယ်။
၂၀၁၁-ခုနှစ်ဝါဆိုလပြည့်နေ့ ကစ,လို့
၂၀၁၅-ဝါခေါင်လပြည့်နေ့ထိ ဝါတွင်း
ကာလ လဆန်း(၈)ရက်၊လဆုတ်(၈)ရက်
ဥပုသ်တွေမှာရော လပြည့်၊လကွယ်ဥပုသ်
နေ့တွေပါမကျန် တစ်ရက်မပျက်
သံဃာတော်များကိုပင့်ပြီး ဆွမ်းကပ်၊
ဆွမ်းဆန်၊ဆီ၊လှူဘွယ် ဒါတဗ္ဗဝတ္ထု အစုစုနဲ့
ဝါဆို သင်္ကန်းကပ်၊သီလယူ၊ဝတ်ရွတ်၊
မေတ္တာပို့၊ဆုတောင်း၊အမျှဝေကြမြဲပါ။
ဒီနှစ် ဒုတိယဝါဆိုလပြည့်နေ့ သီလယူပွဲမှာသံဃာတော်တွေ ဆွမ်းကပ်ပြီး သီလယူ
တက်ရောက်လာကြသောညီမများကို ကျွေးမွေးဒါနပြုမှုကို ကိုယ်စ,ယူခဲ့ပေမဲ့
ကိုယ်ရှိမနေခဲ့ပါဘူး။အိန္ဒိယနိူင်ငံ၊ဂါယာမှာ
ရောက်ရှိ ကုသိုလ်ပြုနေခဲ့တာပါ။ဝါဆို
လပြည့် ကနေ ဝါခေါင် လပြည့် ကြား
ဥပုသ်(၄)ရက်လုံးမှာ မမီပါဘူး။မေတ္တာ
အခါတော်နေ့ ဥပုသ်အမီ ပြန်ရောက်
လာခဲ့လို့ ညီအစ်မ တွေနဲ့ပြုနေကျဝတ်
အတူပြုခဲ့ကြပါတယ်။လပြည့်လကွယ်
ရက်တိုင်းဆုတောင်းနေကျအမိန့်တော်
ပြန်တမ်း ကိုလဲ ရွတ်ဆိုဆုတောင်းကြ
ပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိူင်
ငံတော်ကြီး နှင့်တကွ ကမ္ဘာကြီး တစ်ခုလုံး ရန်သူဘေး၊သူခိုးဘေး၊ဓါးပြဘေး၊သူပုန်
ဘေး၊စစ် ဘေးကြီးတို့ မှ အမြဲထာဝရ
ကင်းဝေးကြပါစေသောဝ်။
အမြဲ ထာဝရငြိမ်းချမ်း သာယာဝပြော
ပါစေသောဝ်။
လွတ်လပ်သော ပြည်ထောင်စုသမ္မတ
မြန်မာနိူင်ငံတော်ကြီး တည်တံ့ခိုင်မြဲပါ
စေသောဝ်။ကြက်သရေ မင်္ဂလာ အဖြာ
ဖြာနှင့်ပြည့်စုံပါစေသောဝ်" ...လို့လည်း
မေတ္တာပို့ ဆုတွေတောင်းခဲ့ကြပါတယ်။
ဒီဆုတောင်းကို ၂၀၁၁-ခုနှစ်၊ဝါဆိုလ
ပြည့်ကစလို့ ၂၀၁၅-ဝါခေါင်လပြည့်
အထိ နှစ်စဉ်ဝါတွင်းသုံးလပါတ်လုံး
လပြည့် လကွယ်ဥပုသ်ရက်တိုင်းမှာ
မပျက်မကွက် ကိုယ်တို့ညီအစ်မ တွေ
ဆုတောင်းနေကျ ဖြစ်သလို ကိုယ်တစ်
ယောက်ထဲလည်း အိမ်မှာ ဆုတောင်း
မေတ္တာပို့နေကျပါ။
ကိုယ်တို့ရွတ်ဆို ဆုတောင်း
တဲ့ အမိန့်တော်ပြန်တမ်းမှာပါတဲ့ -
"ပြည်ထောင်စုသမ္မတ မြန်မာနိူင်ငံ
တော်ကြီး............................စစ်ဘေး
ကြီးတို့မှ ကင်းဝေးကြပါစေ သောဝ်၊အ
မြဲထာဝရ ငြိမ်းချမ်း ကြပါစေသောဝ်"
ဆိုတဲ့ ဆုတောင်းအချက် ကလေးကို
ပြောပြချင်တာပါ။ကိုယ်တို့ တပ်မတော်
တစ်ရပ်လုံးဟာ အခြားသောသန်းငါးဆယ်
ကျော် မြန်မာပြည်သူတွေ နဲ့အတူစစ်ဘေး
ကြီး မှကင်းဝေး လိုကြတယ်။ထာဝရငြိမ်း
ချမ်းလိုကြပါတယ်-ဆိုတာကိုပါ။
စစ်ဘေးနီးရင်၊မငြိမ်းချမ်းရင်
တကယ်တမ်း ရင်ဆိုင်ကြရမှာက တပ်
မတော်ပါ။ကိုယ်တို့ရဲ့ တူ၊သား၊ညီမောင်
တွေပဲ အသက်နဲ့ ရင်းပြီးကာကွယ်ကြရတာပါ။ ကိုယ်တို့ရဲ့ သားကောင်းရတနာ အညွန့်
အဖူးတွေခြွေလွှင့်ခံကြရတာပါ။
ကိုယ်တို့ တပ်မတော်သားများရဲ့ ဘဝတွေ
သာကစဉ့်ကလျား ပြိုကွဲခံကြရတာပါ။
ဒီအတွက်တပ်မတော်က ဘာကြောင့်များ စစ်ကိုလိုလားနိူင်ဦးမှာလဲ ဆိုတာ
အသိဉာဏ် ရှိသူတိုင်း၊ နှလုံးသား နဲ့ခံ
စားတတ်သူတိုင်း သိနိူင်ကြတဲ့အချက်
ပါပဲ။
ကိုယ်တို့တွေက ကချင်ပြည်နယ်
စစ်ပွဲ၊လောက်ကိုင် စစ်ပွဲတွေ မကြုံကြ
ရခင် ကထဲက စေတနာဆုတောင်းများ
နဲ့ မေတ္တာတွေပို့ခဲ့ကြတယ်။ဆုမွန်တွေ
တောင်းဆိုခဲ့ကြတယ်။ယနေ့ အထိ
တိုင်အောင်ပါပဲ။စစ်ဖြစ်တဲ့အခါ တပ်က
ပဲ စစ်ပွဲကို ဖန်တီးသယောင် စွပ်စွဲပြော
ဆိုကြပြန်တယ်လေ။စစ်သားတွေသာ
အသေခံကြရတယ်။အရာရှိတွေ ဘာမှ
မဖြစ်ဖူးလို့ သွေးခွဲကြ ပြန်ပါတယ်။တက်သစ်စ သားကောင်းအရာရှိငယ်
လေးများအသက်ကိုစတေး ခဲ့ကြရတယ်။
လက်အောက်က စစ်သည်တွေပဲရင်ဆိုင်
ရတယ်၊အထက်က စစ်ဗိုလ်ချုပ်ကြီးတွေ အနေသာကြီးလို့သွေးထိုးကြပြန်တာပါ။ဒီကနေ့ ဗိုလ်ချုပ်ကြီးအဆင့်ထိရောက်နေ
သူတွေဟာ မ.ဆ.လ ခေတ်၊န.ဝ.တခေတ်၊
န.ယ.ကခေတ် တလျှောက်လုံး မရပ်ပဲဖြစ်
နေခဲ့တဲ့စစ်ပွဲတွေကို ရင်ဆိုင်ဆင်နွှဲခဲ့ရပြီး မသေလို့ ဒီအဆင့် ကိုရောက်လာကြရ
တာပါ။ဒီအဆင့်ဆိုတာ လိုချင်တိုင်း ယူ
လို့မရပါဘူး။စစ်သက် အနည်းဆုံးနှစ်
သုံးဆယ်ကျော်ရှိပြီး တပ်မတော်ကိုချစ်
စိတ်၊နိူင်ငံချစ်စိတ်၊သစ္စာရှိမှု၊တာဝန်ကျေမှု
တွေကြောင့် ရလာခဲ့ရတဲ့ရာထူးအဆင့်ပါ။လွယ်လွယ်ကူကူမရ နိူင်ကြပါဘူး။
တပ်နဲ့ပြည်သူကို သွေးခွဲကြ
တယ်။ရဲဘော်ရဲဘက်အချင်းချင်း ကိုလဲဘယ်ကျောင်းဆင်း ဘာညာမို့ဆိုပြီး
သွေးထိုးကြတယ်။တပ်မတော်သားစစ်
စစ်ဖြစ်သွားပြီဆိုရင် အမိန့်ကိုအသက်
နဲ့ရင်းပြီး နာခံတတ်တာ တပ်မတော်ရဲ့
သမိုင်းပေးအရည်အချင်းပါ။ ရှေးအ
စဉ်အလာ ကထဲက တပ်မတော်သား
ဟူသည် စည်းကမ်းနဲ့ အမိန့်ကို တသွေ
မတိမ်း နာခံတတ်လို့ ယနေ့ မြန်မာမှာ
ရော ကမ္ဘာမှာပါ စည်းကမ်းအရှိဆုံး၊အ
မိန့်အနာခံဆုံး အဖွဲ့အစည်းတစ်ရပ် အ
ဖြစ် ရပ်တည်နေတာ ဘယ်လိုမှငြင်းမ
ရပါဘူး။ခြောက်ပစ်ကင်းသဲလဲစင်တော့
ကမ္ဘာမှာ ဘယ်မှာမှမရှိနိူင်ပါဘူး။
တပ်မတော်ရဲ့ စေတနာ
ရပ်တည်ချက် ကို မလွဲမဖယ်ပဲ ထားရှိ
သွားမှာပါ။တပ်မတော်ရဲ့ စည်းလုံးညီ
ညွတ်မှုကိုလည်း ဘယ်တော့မှ အပြို
ကွဲ မခံပါဘူး။တပ်မတော်ရဲ့ မှန်ကန်တဲ့
ရပ်တည်မှုကို ပြသနိူင်အောင် ကြိုးစား
နေဆဲပါ။တပ်မတော် သည် န်ူင်ငံ၏
အား ဆိုတာကို သဘောပေါက်လက်ခံ
လာမဲ့ အချိန်ရောက်အောင် တပ်မတော်
သားများအားလုံး၊အရန်အင်အားဖြစ်တဲ့
ကိုယ်တို့ ဇနီးသားသမီးများအားလုံး
စည်းကမ်းရှိစွာ၊စည်းလုံးညီညွတ်စွာ
တပ်မတော်ကချမှတ်ပေးတဲ့ အမိန့်နဲ့
စည်းကမ်းများကို လိုက်နာခံယူလျှက်
ရှိပါတယ်ဆိုတာကို ချိုမြကြည်နူးစွာ
ပြောပြလိုက်ပါရစေ နော်။
0 comments:
Post a Comment