Monday, August 17, 2020

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများရယူ ခြင်းများ ဆောင်ရွက်

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများရယူ ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၇


ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို သြဂုတ် ၁၉ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန်အစည်း အဝေးတို့ကို သြဂုတ် ၂၀ ရက်တွင် လည်းကောင်း ကျင်းပပြုလုပ်ရန် ကြေညာထားပြီးဖြစ်သည်။

အဆိုပါလွှတ်တော်အသီးသီးသို့တက်ရောက်မည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲ စစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများ ရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေး နှင့် တည်ခိုရေးစခန်း၌ ပြုလုပ်သည်။ ထို့သို့ဆောင်ရွက်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး တို့၏ ဓာတ်ခွဲနမူနာများကိုရယူကာ နေပြည်တော် တပ်မတော် ဆေးရုံကြီးရှိ Cobas 6800 ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment