Sunday, August 30, 2020

ပလက်ဝဒေသသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေးအတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းတစ်ခုအား AA မှ ဝင်တိုက်

ပလက်ဝဒေသသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေးအတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက် နေသည့် တပ်စစ်ကြောင်းတစ်ခုအား AA မှ ဝင်တိုက်
သြဂုတ် ၃၀

ပလက်ဝဒေသသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် တိုက်ပွဲရှောင်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး အတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်အား AA အဖွဲ့မှ တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၂ဝခုနှစ်၊ သြဂုတ်လ၊ ၃၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲအချိန်ခန့်တွင် ချင်ပြည်နယ်၊ ပလက်ဝနှင့် ဆမီးမြို့သို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ရက်ဒိန်ကျေးရွာအနီး လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ လမ်းကြောင်းမှာ ကုန်ကားတွေကို AA ကအဖွဲ့တွေ ဖြတ်တိုက်ပြီး လုနေလို့ တပ်ကလုံခြုံရေး လာလုပ်တာကို AA အဖွဲ့တွေက ဝင်တိုက်တာ၊ ပစ်ခတ်သံတွေကြားလို့ ရွာကသူတွေတော့ တောထဲဘက် ခဏတိမ်းရှောင်သွားတာတွေရှိတယ်၊ AA ဘက်က အလောင်းနှစ်လောင်းကျန်ခဲ့တယ်လို့တော့ကြားတယ်၊ တပ်က အင်အားအများကြီးနဲ့ထိုင်နေတာကို သွားလုပ်တော့ခံရမှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရက်ဒိန်ကျေးရွာသားတစ်ဦးက May Yu Htar Nay သို့ အတည်ပြုပြောဆိုသည်။

AA အဖွဲ့အနေဖြင့် ရခိုင်လွတ်မြောက်ရေးဟုဆိုကာ ချင်းလူမျိုးများနေထိုင်ရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့်ဆမီးမြို့တို့တွင် ချင်းရွာများတွင်အခြေပြုကာ တိုက်ပွဲများ ဖန်တီးလျှက်ရှိပြီး ဒေသခံ ချင်းလူမျိုးများအား ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ တပ်သတင်းပေးဟု ဆိုကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသောကြောင့် ချင်းလူမျိုး တစ်သောင်းကျော်ဟာ AA ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

AA အဖွဲ့မှ ပလက်ဝသို့ တင်ပို့နေသည့် ရိက္ခာကားများ၊ ကုန်ကားများအား လမ်းတွင်တားဆီးကာ ကားသမားများအား ပြန်ပေးဆွဲခြင်း၊ ကားပေါ်တွငက်ပါလာသည့် ရိက္ခာများအား လုယူခြင်း၊ ပိုက်ဆံမရပါက ကားများအားမီးရှို့သွားခြင်းတို့ပြုလုပ်နေတာကြောင့် တပ်စစ်ကြောင်းများမှ အင်အား အလုံးအရင်းနှင့် လုံခြုံရေးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Photo - ပလက်ဝနှင့် ဆမီးမြို့သို့သွားပို့ပေးသည့် တိုက်ပွဲရှောင်ထောက်ပံ့ရေးကုန်ကားများအား AA အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့စဉ်

May Yu Htar Nay

0 comments:

Post a Comment