ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး
နေပြည်တော်၊ သြဂုတ် - ၂၄

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံ တက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင် ပြေစေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံ ကြီး၊ ဗဟန်းမြို့နယ်၊ မျက်စိအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြားရေးနှင့်အထွေထွေရောဂါကုဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်ကျွန်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ ချင်းပြည်နယ်၊ မတူပီမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မိတ္ထီလာ မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ သင်ကြားရေးဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ပဲခူးမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ အုတ်ဖိုမြို့ပြည်သူ့ဆေးရုံနှင့် ဆွာမြို့၊ တိုက်နယ် ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုး တို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက် ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်း များကို ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော် စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့်ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment