Monday, August 24, 2020

ဆေးရုံတက်လူနာများ၊ လူနာစောင့်များနှင့် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ဆက်လက်ရောင်းချပေး

ဆေးရုံတက်လူနာများ၊ လူနာစောင့်များနှင့် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ဆက်လက်ရောင်းချပေး

မိတ္ထီလာ၊ သြဂုတ် ၂၄

Image may contain: 1 person, standing
COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာသောကြောင့် မိတ္ထီလာမြို့​ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ လူနာ များ ၊လူနာစောင့်များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် မိတ္ထီလာတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်းတွင် ပြင်ပစျေးနှုန်းထက် သက်သာသည့် တန်ဖိုး​ဖြင့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ထီလာမြေ

0 comments:

Post a Comment