ရပ်စောက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ သြဂုတ် - ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း(ဗထူး)၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၁၀၀၀ ခု၊ Hand Gel ၁၀၀ ဘူးနှင့် Face Shield ၁၅၂၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောင်းစာသင်ခန်းများနှင့် ကျောင်းဝန်း အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment