ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေခံပညာအထက်တန်း ကျောင်း၌ မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ ဩဂုတ် - ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ၊ ၂၇ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုးကြိုးပစ်ခံရမှုကြောင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကြာအင်းဆိပ်ကြီးတပ်နယ်မှ တပ်မတော်သားများက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အလျား၂၂၀ ပေ၊ အနံ ၃၀ ပေ၊ ပျဉ်းကတိုးကွန်ကရစ်ကျောင်းဆောင် အဆောက်အဦတစ်လုံးနှင့် ကျောင်းသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment