Monday, August 24, 2020

ကရင်ပြည်နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအားလိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၄


ကရင်ပြည်နယ်အတွင်း သြဂုတ် ၂၁ ရက် ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် မြို့နယ်အသီးသီးတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့အနီး သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၀ စင်တီမီတာမြင့်တက်လာသောကြောင့် ဘားအံမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် အမှတ်(၁)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ ၂၂၆ ဦးကို မိုးလုံလေလုံအားကစားခန်းမ၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ ၁၀၉ ဦးကို သဘာဝဘေးတိမ်းရှောင် အဆောက် အဦ ရေဘေးကယ်ဆယ်ရေးစခန်းသို့လည်းကောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘားအံတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တပ်မတော်ပိုင် မော်တော် ယာဉ်များဖြင့် ပြောင်းရွှေ့နေရာချထားပေးခြင်း စသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဖာပွန်ခရိုင်အတွင်းရှိ ဝါးဘိုးတော- ကမမောင်းသွားကားလမ်း ပေါ်ရှိ အထက်မီးကိုင်ကျေးရွာအနီး၊ ချောင်းညီနောင်တံတား ချဉ်းကပ်လမ်းနှင့် မိတ္ထီလာကျေးရွာတို့၌ လည်းကောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထော်ရဲကျေးရွာ၊ မြကြာဖြူကျေးရွာကားလမ်းနှင့် ကြို့ချောင်း ကျေးရွာ တံတားအနီးတို့၌ လည်းကောင်း ကားလမ်းများရေကျော်၊ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါနေရာများသို့ နယ်မြေခံတပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment