မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ပန်းတောင်းမြို့၊ ခတ္တိယရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ များအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက် လာပြီး ပန်းတောင်းမြို့၊ ခတ္တိယရပ်ကွက်နှင့် တောင်(၂)ရပ်ကွက်များ အတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ မြစ်ရေဝင်ရောက်ခဲ့သည့် ခတ္တိယရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၄၇ ဦးကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပန်းတောင်း တပ်နယ်မှ တပ်မတော်သားများက ရပ်ကွက်အတွင်းရှိ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းနှင့် မဟာအတုလနန္ဒဘုရားကြီးသို့လည်းကောင်း၊ တောင်(၂)ရပ်ကွက်ရှိ ရေဘေးသင့် အိမ်ထောင် စု ၁၁ စု၊ လူဦးရေ ၃၆ ဦးကို တောင်လက်ကြီးဘုရား သို့လည်းကောင်း ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment