မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ မီးလောင်မှုဖြစ်ပွား၊ နယ်မြေခံတပ်မတော်သားများက ကူညီ ကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ၊ သြဂုတ် - ၂၀

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ အကွက်(၃၄၂)ကတ္တူရပ်၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ သင်္ဂဇာချောင်းအနောက်ဘက်နှင့် မဟာစည်လမ်းကြားရှိ လူနေအိမ်၌ ယနေ့မွန်းလွဲ ၁ နာရီ ၂၄ မိနစ်ခန့်တွင် ဘုရားမီးပူဇော်သည့် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၄၈ စီး၊ ရေသယ်ယာဉ် ၂၂ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးနှင့် အထောက် အကူပြုယာဉ် ၅ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၂ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့ပြီးလူနှင့် တိရစ္ဆာန်များ ထိခိုက်၊ ဒဏ်ရာ ရရှိမှုမရှိ ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment