Thursday, August 20, 2020

"ကလေးမြို့စက်မှု့ဇုန် ဆီဂိုဒေါင်မီးလောင်မှု့"မီးငြိမ်းသတ်နေရင်း ကားမှဆီများပေါက်ထွက်လာပြီး ငြိမ်းသတ်နေသောစစ်သည်များနှင့်မီးသတ်များမီးအဟတ်ခံကြရ

"ကလေးမြို့စက်မှု့ဇုန် ဆီဂိုဒေါင်မီးလောင်မှု့" မီးငြိမ်းသတ်နေရင်း ကားမှဆီများပေါက်ထွက်လာပြီး ငြိမ်းသ တ်နေသော စစ်သည်များနှင့်မီးသတ်များမီးအဟတ်ခံကြရ
၂၀.၈.၂၀၂၀ 
Image may contain: one or more people and people sitting
Image may contain: one or more people and outdoor
မီးငြိမ်းသတ်နေစဉ် ဓာတ်ဆီများပေါက်ထွက်ပြီးမီးငြိမ်းသတ်နေကြသော စစ်သည်များနှင့်မီးသတ်ရဲဘော်များ အပေါ်ကျပြီး မီးအဟတ်ခံရသဖြင့်လွတ်ရာသို့တိမ်းရှောင်ခဲ့ကြသော်လည်း မီးအဟတ်ခံကြရသူများရှိကြောင်း သိရပါသည် ရဲဘော်တယောက်ဆိုလျှင်မီးထဲမှပြေးထွက်လာပြီး ကျနော့သူငယ်ချင်းတွေကျန်ခဲ့ပြီ ကူကြပါအုန်း မီးလောင်ကုန်ပြီထင်တယ်ဟု ငို၍ထွက်လာခဲ့သည်ကိုတွေ့ရပါသည်. သူ့သူငယ်ချင်းများမှာလည်း တခြား တဖက်သို့တိမ်းရှောင်နိုင်ခဲ့ကြကြောင်းသိရပါသည် ဆီများကိုလောင်နေသည့်အတွက်ငြိမ်းသတ်ရန်မလွယ်ကူပဲ ဆီဘောက်ဆာကားတစီးမှာလည်း မီးလောင်သည့်အနားတွင်ရှိနေသလို အခြားဆီကန်များ ဆီပေပါများလဲရှိ နေသေးကြောင်း ဆီပေပါများအားစွန့်စားပြီးကူညီ၍ ဖယ်ရှားနေကြသည်ကိုလည်းတွေ့ရပါသည် ဒဏ်ရာရ ရဲဘော်များအား ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာသို့ ကာယကံမေတ္တာလူမှုကူညီရေး အသင်းကားနှင့် မီးသတ်ဦးစီး ဌာနမှ ကားသို့ဖြင့် ပို့ဆောင်။
Image may contain: 1 person, standing
Image may contain: one or more people, car and outdoor
Myo Myint Aung

0 comments:

Post a Comment