မနေ့က အလုပ်တွေများနေတာနဲ့ Facebook ကိုတောင် ညနေမှ ကြည့်ဖြစ်တယ်။ ကြည့်တယ်ဆိုတာထက် Video File တွေ ဖွင့်ကြည့်တာပါ။ အဓိက မနေ့က ၂၁ ရာစု ပင်လုံဖွင့်ပွဲမှာ အဖွားကြီးပြောတာကို နားထောင် ဖြစ်တယ်။ ရွေးကောက်ပွဲအမီ ဘာတွေများပြောမလဲလို့ စိတ်ဝင်စားတာလည်း ပါတာပေါ့လေ။ နားထောင်ပြီး သိပ်မကြာခင်မှာတင် ဘွားတော်ကို ချီးကျူးမိတယ်။ ဘာကိုလဲဆိုတော့ နိုင်ငံရေးသမား ပီသတာကို။ နိုင်ငံရေး မှာ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ ရှေ့မှာတစ်မျိုး၊ နောက်မှာ တစ်မျိုးဆိုတဲ့ Tiktok ကို ကြည့်ဖူးရင် သဘော ပေါက်လိမ့်မယ်။
စပြောပြီး မကြာဘူး ပြောစရာပေါ်တာ။ အခြေခံမူငါးချက်ထဲကပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲ ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ဟာ ပြည်နယ်အခြေခံဥပဒေနှင့် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ စကားရပ်အခေါ်အဝေါ် ညှိလို့မရတာကြောင့် ကျန်ခဲ့ရ ကြောင်း၊ သံသယတွေနဲ့ ကြည့်နေကြလို့၊ အပြန်အလှန် ယုံကြည်မှုအားနည်းနေကြလို့ လို့ဆိုတယ်။ တကယ့်ကို အကြီးစားနိုင်ငံရေးသမားပီသတယ်လို့ ပြောရမှာ အမှန်ပဲ။ အခု ပြောတဲ့စကားအရ မားသားကြီးဟာ တိုင်းရင်းသား အကျိုးကို သိပ်ရှေ့ရှုခဲ့ သယောင် ပြည်နယ် တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် သိပ်စေတနာ ရှိသယောင် ပေါ့လေ။ ဟုတ်ခဲ့သလား/မှန်ခဲ့သလားဆိုတာ မဝေးသေးတဲ့ အတိတ်ကိုကြည့်………။
ရခိုင်မှာ ဝန်ကြီးချုပ် ခန့်အပ်ခဲ့တဲ့ကိစ္စ၊ တံတားနာမည်ပေးတဲ့ကိစ္စ စတာတွေမှာ တိုင်းရင်းသားတွေဘက် ကြည့်ခဲ့သလား။ ပြည်နယ်နဲ့ တိုင်းတွေကို လုပ်ပိုင်ခွင့် ပိုမိုရရှိအောင်ဆိုပြီး ခြင်္သေ့ ကြီး ပါတီနဲ့ တပ်က ပုဒ်မ ၂၆၁ ကို ပြင်ရအောင်ပါဆိုတော့ သောင်းသောင်းဖြဖြကြီး ကန့်ကွက်ခဲ့တာ ဘယ်ပါတီလဲ? ဆိုလိုတာက လုပ်ပေးလို့ရ ခဲ့တဲ့ ကိစ္စတွေမှာတောင် လှည့်မကြည့်ခဲ့သူက အခုကျမှ ထပြီး အခြေခံဥပဒေတောင် ဆွဲစေခြင်တယ်ဆိုတာ ဟဟပဲ ရလိမ့်မယ်။ တပ်ချုပ်ကြီးပြောသွားတဲ့ စကားကို ယူသုံးရရင် “ဆိတ်ခေါင်းပြပြီး ခွေးသားရောင်းတာ လို့” ပြောချင်တာ။ နောက်တစ်ချက် ထပ်ပြော အုံးမယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ကြတယ်ဆိုတာ ပြည်ထောင်စု ကောင်းကျိုး၊ တိုင်းရင်းသား ပြည်သူတွေရဲ့ အနာဂတ်ကို ဆောင်ကြဉ်းပေးတာထက် ပိုမိုသာလွန် ပါတယ်တဲ့။ လှလိုက်တဲ့ စကားလုံးလေးတွေ။ ဆရာကြီးမင်းသိင်္ခ ပြောတဲ့ ဖြတ်ကနဲပေါ်၊ ဆတ်ကနဲ လုပ်ဆိုတာ ထက်မပိုဘူးလို့ တည့်ပြောချင်တာ။ ရွေးကောက်ပွဲအမီ ငြိမ်းချမ်းရေးပန်းခင်းဆိုတာကြီးကို ခင်းပြတာ။ ဒါမှလည်း နိုဗယ်ဆုရှင်ကွလို့ ကြွေးကြော် နိုင်မှာ မဟုတ်လား။ ရွေးကောက်ပွဲနီးမှ ဖျာထခင်းတာလို့ ကိုယ်တွေ က တိုက်ရိုက်ကို စွပ်စွဲချင်ပါရဲ့။ တစ်ခေတ်တစ်ခါက “တိုင်းရင်းသားတွေ NCA ကို အလျင်စလို လက်မှတ် မထိုးသင့်ဘူး” ဆိုတဲ့စကားဟာ သမိုင်းဝင်စကားလုံးလေ။ ဒါမျိုးကျတော့ မရခင် တစ်မျိုး၊ ရပြီးတစ်မျိုး နိုင်ငံရေးသမားလို့ဆိုရမှာထင်တယ်။ ငြိမ်းချမ်းရေးဆိုတာ အရေးကြီးကြောင်းကို ဟိုလူ့ ပုတ်ခတ်သလို ဒီလူ့ကို စွပ်စွဲသလို ပြောနေတာတွေတော့ မနည်းတာလဲ သတိထားမိတယ်။
နောက်ဆုံးတစ်ခုကို ခပ်ရှည်ရှည်ပြောချင်တယ်။ လက်နက်အားကိုးမှ အင်းအားသုံးမှ ထိရောက်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးဆိုတဲ့ အသုံးအနှုန်း။ တိုင်းရင်းသားလက်နက် ကိုင်တွေကို တည့်တည့်ကြီးစော်ကားတာပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့်/ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စတာတွေအတွက် လက်နက်ကိုင်ပါတယ်ဆိုတဲ့ တိုင်းရင်းသားတွေ ကို ဓလေ့ဆိုးမှာ ပျော်မွေ့နေသူတွေလို့ တိုက်ရိုက်စွပ်စွဲတာပေါ့လေ။ နောက်တစ်ခုက ကိုယ့်ဘက်ကို ချေမှုန်းခြင်းမခံရအောင် အင်အားတည်ဆောက်ရင်းနှင့် အင်အားသာ အဓိက ဖြစ်လာပြီး ပဋိပက္ခသက်ဆိုးရှည် ခဲ့ရတာလို့ ထပ်သုံးတာ။ ငြိမ်းချမ်းရေးဆိုတဲ့ အရာကို ယူချင်လွန်းသူကြီးရဲ့ တစ်ဖက်သတ်စကားက သိပ်မပြင်း ထန်လွန်ဘူး လား…………………။
နောက်ဆုံးတစ်ခုကို ခပ်ရှည်ရှည်ပြောချင်တယ်။ လက်နက်အားကိုးမှ အင်းအားသုံးမှ ထိရောက်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးဆိုတဲ့ အသုံးအနှုန်း။ တိုင်းရင်းသားလက်နက် ကိုင်တွေကို တည့်တည့်ကြီးစော်ကားတာပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့်/ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စတာတွေအတွက် လက်နက်ကိုင်ပါတယ်ဆိုတဲ့ တိုင်းရင်းသားတွေ ကို ဓလေ့ဆိုးမှာ ပျော်မွေ့နေသူတွေလို့ တိုက်ရိုက်စွပ်စွဲတာပေါ့လေ။ နောက်တစ်ခုက ကိုယ့်ဘက်ကို ချေမှုန်းခြင်းမခံရအောင် အင်အားတည်ဆောက်ရင်းနှင့် အင်အားသာ အဓိက ဖြစ်လာပြီး ပဋိပက္ခသက်ဆိုးရှည် ခဲ့ရတာလို့ ထပ်သုံးတာ။ ငြိမ်းချမ်းရေးဆိုတဲ့ အရာကို ယူချင်လွန်းသူကြီးရဲ့ တစ်ဖက်သတ်စကားက သိပ်မပြင်း ထန်လွန်ဘူး လား…………………။
နောက်ဆုံးဆိုတာရဲ့ အဆုံးသတ်ကိုပြောချင်တယ်။ ဒီဖွင့်ပွဲ မတိုင်မီမှာ UPDJC အစည်းအဝေးတွေလုပ်တယ်။ ဘွားတော်က ဥက္ကဋ္ဌဆိုတော့ လာတက်တာပေါ့။ အစည်းအဝေး ရဲ့သဘောအရ အစ၊အဆုံးတက်ရတာ အားလုံးအသိ။ အခုတော့ ဒီလိုမဟုတ်ဘူး။ မိန့်ခွန်းလာပြောတယ်။ ပြီးတာနဲ့ ထပြန်တယ်။ သူတင် မကဘူး။ သူ့အတွက်ဖွဲ့ထားတဲ့ ဝန်ကြီးဌာနရဲ့ ဝန်ကြီးပါ ထပြန်တာ။ ဆိုလိုတာက ဒီအစည်းအဝေးကို ငါလည်း မတက်သလို ငါ့ကိုယ်စားလှယ်လဲ မတက်ဘူး။ ဒါကြောင့် နင်တို့ ကိစ္စတွေမှာ ငါမပါဘူးလို့ အဓိပ္ပာယ် ရောက်မနေဘူးလား? ဒါလား ငြိမ်းချမ်းရေး လိုချင်သူ၊ တိုင်းပြည်ရဲ့ အကြီးအကဲအဖြစ် ရာထူး/တာဝန် တီထွင် ရယူထားသူရဲ့ ငြိမ်းချမ်းရေးလိုလားမှု။ အကုန်လုံးရဲ့ အဖြေက ရှင်းပါတယ်။ ကိုယ့်ပါတီမဲရဖို့အတွက် စင်ပေါ် တက်ပြီး ငြိမ်းချမ်းရေးအကြောင်းပြ မဲဆွယ်ယုံမှအပ တိုင်းပြည်နဲ့ တိုင်းရင်းသား တွေအတွက် NLD ရဲ့ စေတနာ မူးလို့တောင် ရှူစရာမရှိဘူး။
0 comments:
Post a Comment