အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပြည်-ပေါက်ခေါင်းကားလမ်း၌ မြေပြိုမှုဖြစ်ပွားခြင်းနှင့် ရန်ကုန်-မန္တလေးကားလမ်း ရေကျော်ဝင်ရောက်မှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်
နေပြည်တော်၊ သြဂုတ် - ၃

နေပြည်တော်၊ သြဂုတ် - ၃


ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အုတ်တွင်း-ပြည်-ပေါက်ခေါင်းကားလမ်း၌ မြေပြိုမှုဖြစ်ပွားခြင်းနှင့် အုတ်တွင်းမြို့နယ်၊ ဆွဲလွှဲချောင်းရွာမနှင့် ဂွေးတောက်ခင်ကျေးရွာအကြား၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ်၊ ၁၄၃/၁၄၄ တွင် ကားလမ်းပေါ်သို့ ရေများ ၄ ပေခန့်ကျော်လွန်ခဲ့ပြီး ယာဉ်ကျော ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါနေရာသို့ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အုတ်တွင်း တပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ ကားလမ်းများရှင်းလင်းပေးခြင်း၊ သစ်ပင် သစ်ကိုင်းများခုတ်ထွင်ဖယ်ရှားပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ထုံးဘို၊ ခတ္တိယ နှင့် တောင်(၂)ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၀၅ ဦးကို ၎င်းတို့ယာယီရွှေ့ပြောင်းနေထိုင်သည့် အဆိုပါရပ်ကွက်များရှိ ရေဘေးရှောင်စခန်းများ၌ လည်းကောင်း၊ မြစကိုင်းကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၇၈ ဦးနှင့် ပေါက်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၃ စု၊ လူဦးရေ ၁၁ ဦးကို ၎င်းင်းတို့ယာယီရွှေ့ပြောင်း နေထိုင်သည့် အဆိုပါရပ်ကွက်များရှိ ရေဘေးရှောင်စခန်းများ၌ လည်းကောင်း ပန်းတောင်း တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment