ဟင်္သာတမြို့နှင့် မြန်အောင်မြို့များတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး တာရိုးပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိမ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ် ကျေးရွာရှိ ဆည်မြောင်းရေကာတာသည် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် အလျား ၃၀ ပေ၊ အနံ ၁၄ ပေ၊ အနက် ၆ ပေခန့် တာရိုးရေတိုက်စားမှု ဖြစ်ပွားခဲ့သည်။
အဆိုပါရေတိုက်စားမှုဖြစ်ပွားခဲ့သည့်နေရာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ နှင့် ပူးပေါင်း၍ ရေဝင်ရောက်မှုဖြစ်ပွားနိုင်သည့် နေရာများမှ နေအိမ်များအား ကူညီရွှေ့ပြောင်း ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့မှစ၍ ဆောင်ရွက်ပေး လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင် များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးပြီး ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၉၀ စုအတွက် ဆန် ၁၅ အိတ်၊ ဆီ ၉၀ ဘူးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အလားတူ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် လွန်ဆေးမြိုင်ပန်းခြံအရှေ့ဘက်ဆည်မြောင်းရေကာတာ၌ ယနေ့နံနက်ပိုင်းတွင် အလျား ၁၂၀ ပေ၊ အနံ ၄ ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပေါ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ လိုအပ် သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment