အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်
နေပြည်တော်၊ သြဂုတ် - ၃

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဇိနမာရ်အောင် တပ်ဦးကျောင်း၊ သဒ္ဓမ္မ ဇောတိကဓမ္မာရုံ၌ ပြုလုပ်ရာ မုံရွာမြို့၊ အုတ်ကန်တောရ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒောဘာသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အုတ်ကန်တောရ ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူ များက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မုံရွာမြို့၊ ရန်ကင်းကျောင်း တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ တဒွိပိဋက ဓရဒွိပိဋကကောဝိဒ ဘဒ္ဒန္တ ပညာဝံသ ထံမှ အနုမောဒနာတရားနာကြားပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment