Monday, August 3, 2020

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့နယ်ရှိ လမ်းရေကျော်မှုဖြစ်ပွားခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့နယ်ရှိ လမ်းရေကျော်မှုဖြစ်ပွားခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၃


တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်မြို့နယ်၊ ထားဝယ်-မေတ္တာ-ထီးခီးသွားကားလမ်းနှင့် ရေး-ထားဝယ်သွားကားလမ်းများပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့ပြီး ကားလမ်းဘေးရှိ တလိုင်းတောင်ကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာ တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ထားဝယ်တပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ ခရီးသွားပြည်သူများ လွယ်ကူစွာသွားလာနိုင်ရေးနှင့် အန္တရာယ်မဖြစ်စေရေးအတွက် ယဉ်ကြောများရှင်းလင်းပေးခြင်း၊ ရေဝင်ရောက်ခဲ့သည့်ကျေးရွာများမှ ရေဘေးသင့်ပြည်သူများ အား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment