Monday, August 3, 2020

သံဖြူဇရပ်မြို့နယ်၊ နှီးပဒေါ-ကွမ်လှ ပြည်ထောင်စုလမ်းမကြီး ရေကျော်မှုနှင့် သထုံမြို့နယ်၊ မြသပိတ်စေတီတော် တောင်တက်ကွန်ကရစ်လမ်း တောင်ကမ်းပါးယံပြိုကျမှုအား ကူညီ ဆောင်ရွက်

သံဖြူဇရပ်မြို့နယ်၊ နှီးပဒေါ-ကွမ်လှ ပြည်ထောင်စုလမ်းမကြီး ရေကျော်မှုနှင့် သထုံမြို့နယ်၊ မြသပိတ်စေတီတော် တောင်တက်ကွန်ကရစ်လမ်း တောင်ကမ်းပါးယံပြိုကျမှုအား ကူညီ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၃


မွန်ပြည်နယ်အတွင်း သြဂုတ် ၂ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေများ အဆက်မပြတ်ကျဆင်းမှုကြောင့် သံဖြူဇရပ်-ရေး ကားလမ်းပေါ်ရှိ အနိမ့်ပိုင်း ဒေသဖြစ်သော နှီးပဒေါ-ကွမ်လှ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ အကျယ် ၉၀ ပေ၊ အမြင့် ၁ ပေခွဲခန့် ရေကျော်မှု ဖြစ်ပွား ခဲ့သည်။

အဆိုပါရေကျော်မှုဖြစ်ပွားရာသို့ ယနေ့နံနက်ပိုင်းမှစ၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သံဖြူဇရပ်တပ်နယ်မှ တပ်မတော်သားများက ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် ရေဘေးကင်းလွတ်ရာသို့ ကူညီပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ သထုံမြို့နယ်၊ မြသပိတ်စေတီတော် တောင်တက်ကွန်ကရစ်လမ်းပေါ်သို့ သြဂုတ် ၂ ရက် ညပိုင်းတွင် တောင်ကမ်းပါးယံမြေပြိုကျပြီး လမ်းပေါ်သို့ အလျား ၃၀ ပေ၊ အကျယ် ၁၅ ပေ၊ ထု ၇ ပေခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သထုံတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လမ်းပေါ်ရှိ မြေသားများအား ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment