အသက် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးတိုက်ကျွေး
နေပြည်တော်၊ သြဂုတ် - ၆

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင် များ၏ အသက် ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင် ၂၄ ဦးနှင့်ကလေးငယ် ၄၀ ဦးတို့ကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ် ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး နှင့် ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး ပြိး ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအတွက် စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment