Thursday, August 6, 2020

တာရိုးကျိုးပေါက်ပြီး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြန်အောင်မြို့၊ ကနောင်မြို့နှင့် ဟင်္သာတမြို့ တို့၌ ရေထိန်းတာနှင့်သဲအိတ်ဖို့ခြင်းများဆောင်ရွက်

တာရိုးကျိုးပေါက်ပြီး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြန်အောင်မြို့၊ ကနောင်မြို့နှင့် ဟင်္သာတမြို့တို့၌ ရေထိန်း တာနှင့်သဲအိတ်ဖို့ခြင်းများဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၆


ဧရာဝတီမြစ်ရေတိုက်စားပြီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ လွန်ဆေးမြိုင် ပန်းခြံအနောက်ဘက်၊ ကနောင်မြို့၊ အမှတ်(၄)ရပ်ကွက်နှင့် ဟင်္သာတမြို့၊ ဖောင်ဆိပ် ကျေးရွာတို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ် ခဲ့သည်။

အဆိုပါတာရိုးကျိုးပေါက်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ယနေ့နံနက် ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ရေစီးအား ထိန်းရန် အရန်ရေထိန်းတာဆောင်ရွက်ခြင်း၊ သဲအိတ်ဖို့ခြင်း၊ရေပေါ်ရေလွှဲဝါးဖောင်များ ပြုလုပ်ခြင်းနှင့် ထပ်ပိုးခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment