ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ သြဂုတ် - ၆

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ငူမြို့၊ ကင်းဆိပ် ကျေးရွာနှင့်အုတ်တွင်း မြို့နယ်၊ မန်ကျီးပင်စု ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ခပေါင်းချောင်းတံတား သည် သြဂုတ် ၃ ရက်တွင် ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူ တပ်နယ်နှင့်အုတ်တွင်းတပ်နယ်တို့မှ တပ်မတော်သားများက တံတားပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တံတား ပြုပြင်ခြင်းလုပ်ငန်းများနှင့် တင်ကျန် ခဲ့သော အမှိုက်များနှင့် နုန်းများဖယ်ရှားရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးမှုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
အလားတူ ပိန်းဇလုတ်- ထော်ဝိရွာ အကြား ရထားလမ်းကြေးနန်းမိုင်တိုင်အမှတ်၊ ၉၈/၄ နှင့် ၉၈/၅ အကြား တံတားအမှတ် ၁၃၆ ဘေးနှစ်ဘက်၌ သြဂုတ် ၅ ရက်တွင် ရေတိုက်စားမှု ကြောင့် ရန်ကုန်-မန္တလေး အစုန်ရထား သွားလာခြင်းရပ်တန့်မှုနှင့် ပိန်းဇလုတ်မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းရှိ ကွန်ကရစ်တံတားပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရေတိုက်စားပျက်စီးခဲ့သည့်နေရာများ၌ ကျောက်တုံး၊ကျောက်အိတ်များ သယ်ယူချ ထားခြင်း၊ လမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားပြုပြင်ခြင်း၊ အမှိုက်များနှင့် နုန်းမြေများ ဖယ်ရှားရှင်းလင်း ခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါမီးရထားများ ပြန်လည်သွားနိုင်ပြီဖြစ်ကြောင်းသိရသည်။
ထို့ပြင် ပန်းတောင်မြို့နယ်၊ သရက်လိန်အုပ်စု၊ သရဲဇီးကျေးရွာ၌ သြဂုတ် ၅ ရက်တွင် ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် နီးစပ်ရာဆွေမျိုးများ အိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိ သည့်ရေဘေးရှောင်ပြည်သူများအား ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက သွားရောက်ကြည့်ရှု အားပေးပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ် ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment